Saturday, April 28, 2012

လွမ်းဘွယ်ဌါနီ ၊ လေးရပ်ဝတီသို


မျှော်ယောင်တမ်းတ ၊ မျက်ရည်စနင့်
ဘ၀ဆက်ကါ ၊ သံသရာရို့
ကြံမ္မာဆိုးလျှက် ၊ ကြိမ်နွယ်ယှက်၍
ပြန်ခက်ဖန်တီး ၊ ဤခရီးကား
မနီးလှလီ ၊ တစကြီကွဲ
ဝေ့လည်ပါတ်လား ၊ ၀ိုးတ၀ါးစိတ်
ရှည်လျှားညတာ ၊ အိပ်ပျက်ကာယင်
ဝဲယာစောင်းကြည့် ၊ ဆွီးနွမ်းမြိသည်
ဓလိထုံးစံ ၊ မိ့ပျောက်ဟန်ထင့်
ရင်ပူနင့်တွီး ၊ တိုင်းအရီးကို
တလေးတစား ၊ ဦးထိပ်ထားဗြီး
စိတ်အားညီညွတ် ၊ လက်ချင်းဆက်ပနာ
လွမ်းဘွယ်ဌါနီ ၊ ဓညာမြီသို့ မျှော်ရည်ဆုတောင်း မိသည်ချည်း ။။။။။။။။။။။

ပေါ်အောင်စိတ်က ၊ ထန်ပြင်းရနင့်
တချမပျှော် ၊ သန်ကောင်ကျှော်၍
ညမျှော်ရက်မှန် ၊ အချိန်တန်ခိုက်
ခေါင်းငိုက်စိုက်ပနာ ၊ ရှိုက်လျှက်လမ်းရောက်
တယောက်ထီးတည်း ၊ ရင်နာကျည်းလျှက်
စိတ်ထဲဆန္ဒ ၊ ဖြိုက်သမျှကို
တချတာယင် ၊ ရာဇ၀င်မှာ
ရှုံးချင်သည့်စိတ် ၊ တိတ်တဆိတ်မျှ
မကူးကတ်ခ ၊ ဓညနိုင်ငံ
ပြည်တော်ပြန်ဖို့ ၊ ချိန်တန်ကောင်းကို
အားလောင်းစံပြု ၊ လူထုများစွာ
ဟိထားသည်ကြောင့် ၊ စိတ်ရည်မျှော်မှန်း
အောင်ပွဲလန်းလျှက် ၊ လက်ချင်းဆက်ပနာ
တမ်းရည်ဌါနီ ၊ ရမ္မာဝတီသို့ မျှော်ရည်ဆုတောင်း မိသည်ချည်း ။။။။။။။။။။။။

0 comments:

Post a Comment