Showing posts with label andriod နည်းပညာ. Show all posts
Showing posts with label andriod နည်းပညာ. Show all posts

Monday, June 16, 2014

oppo r 821ကို root ဖောက်ပီး မြန်မာစာ ထည့်ချင်သူမှားအတွက် ပါ

Best Blogger Tips


oppo r 821ကို root ဖောက်ပီး မြန်မာစာ ထည့်ချင်သူမှားအတွက် ပါ... မြန်မာစာ အဆင်မပြေ သူများ .တစ်ထိုင် တည်းနဲ့ အမြင်မှန် ပြီး အဆင်ပြေ စေဖို့ ပါ။
 oppo တွေ က နဲ နဲ တော့ အကျော တင်း တယ် နော်....ခ်ခ်.....fepz 2.1 သုံး တာ တောင် အဆင် မပြေ ဘူး ဗျ.......အဆင်ပြေ ချင် ရင် လည်း ဟုတ် နေ ရော..ဗျ....ROOT ဖောက် တာ တော့  အဆန်း တကြယ် မဟုတ် ပေ မဲ့  မြန်မာစာ အဆင် ပြေ ဖို့ အတွက် ကို မသိ သေး တဲ့ သူ တွေ အမြန် ဆုံး အဆင် ပြေ အောင် ပြန် လည် မျှ ဝေ ပေး လိုက်ပါတယ်။
 root tool ကိုယူလိုက်ပါ   link-1 ;  link 2
ဖုန်းကို unknow source ကိုအမှန်ခြစ်ပေးပြီး usb debugging လုပ်ပေးပြီးကွန်ပျူတာနှင့် ချိတ်လိုက်ပါ။မချိတ်တတ်ရင်အသေးစိတ်ကို ဒီမှာ ဝင်ဖတ်ပေးပါ


usb  driver ကိုrun လိုက်ပါ။
ပြီးရင် root tool ကို run လိုက်ပြီးအစိမ်းရောင်အကွက်ကလေးကိုနိပ်ပြီး root လုပ်ပါ။ ခဏနေကျရင် ဖုန်းမှာ restart ကျသွားပြီး root လုပ်တာအောင်မြင်သွားပါပြီခင်ဗျာ။
ဒီအဆင့် မှာတော့ မြန်မာစာမှန်အောင် ဆိုရင် font changer ကို mmsd font changer ကိုသုံးပါ။  


mmsd font changer  link 1 ; link 2



zawgyi font -  ZIPPYSHARE   ;    playstore


frozen keyboard ,  zippyshare 

mmsd font changer ကို INSTALL လုပ်ပြီး HUAWEI ဖုန်း နှင့် အခြား ခလုပ် မှာ နှိပ်ပြီး FONT CHANGE ပေးလိုက်ပါ။ REBOOT
ကျ ပြီး ပြန်တက်လာတာနှင့် မြန်မာစာမှန် တဲ့  OPPO R821 ဖုန်းတစ်လုံးကို သင် ပိုင် ဆိုင် နိုင်ပါ ပြီ။

Tuesday, April 29, 2014

GalaxSim Unlock 2.5.0 APK (Update Version)


SamsungPhone ကိုင်ဆောင်ထားသူများအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ဒီဆော့ဝဲလေးက ဘာလုပ်တဲ့ ဆော့ဝဲလေးလဲဆိုရင်တော့ SamsungphoneSimlock တွေကို ဖြည့်ပေးတဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်။ သူငယ်ချင်း တစ်ယောက်ယောက်ကဒါမှမဟုတ် နိုင်ငံခြားကနေပြီးတော့ သင့်ရဲ့ ဆွေမျိုးက Samsung PhoneS3 ကိုလက်ဆောင်ထည့်ပေးလိုက်တယ်။
 
 ဒါပေမဲ့ အဲဒီဖုန်းက ဒီနိုင်ငံမှာ သုံးလို့မရဘူးဖြစ်နေတယ်။ပြောမယ်ဆိုရင်တော့ Sim lock ဖြစ်နေတာပေါ့ ဆိုင်တွေမှာ သွားပြင်ရင်လည်း အနည်းဆုံးကတော့ ၃သောင်းလောက်ပေးရပါတယ်။ ဒီဆော့ဝဲလေးကတော့တစ်ပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မိမိဖုန်းထဲမှာ Root ရှိထားဖို့လို့ပါတယ်။Sim Lock ကို Support ပေးတဲ့ Model တွေကတော့ S4,S3,S2,S,Note2,Note3, စတာတွေကို Support ပေးပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလေးမို့လို့ တင်ပေးလိုက်ပါတယ်။


Features:
 
  Unsimlock / unbrand your phone
  Persists even after reset / flash / wipe / unroot
  Supports any rooted rom (Samsung stock, aosp, aokp, cm10, cm11…)
  Supports international GS4 GT-I9500, GS3 GT-I9300, Note2 GT-N7100
  Supports other Galaxy family devices (S, S2, Tab, Note and their variants)
  Supports devices previously unlocked with “voodoo unlock” or “galaxy s unlock”
  Detects errors like lost imei / serial in nv_data caused by third party apps
Gives detailed information about current locks status (locked, unlocked or “partially locked”)
  Automatic and manual efs backup (should guarantee a safe use), restore it on demand
Supports more Galaxy devices soon.

 

 ဝင်းလှိုင် (နည်းပညာ)

Saturday, March 1, 2014

Android 4.3 Jelly Bean (or) KitKat ကို CARBON ROM 4.4.2 သွင်းခြင်း

000
CARBON ROM ဆိုတာကတော့ USA မှာ နောက်ဆုံးထွက်ရှိတဲ့ Android ROM တွေထဲက တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ UK က ၂၀၁၄ ခုနှစ်ထုပ် Android Magazine UK – Issue 35 Magazine Series သတင်းမှာတော့ လူကြိုက်အများဆုံး အနေနဲ့ ရပ်တည်နေပါပြီ။ CARBON ROM သည် KitKat ROM မထွက်ခင်ထဲက ထွက်ရှိထားခြင်းဖြစ်ပြီး ယခုခတ်စားနေသော KitKat ROM လောက် မအောင်မြင်ခဲ့ကြောင်းကိုလဲ ဖော်ပြထားပါသည်။ ယခု ပြန်လည်အောင်မြင်ရခြင်း အကြောင်းအရင်းမှာ KitKit ရဲ့ လိုအပ်ချက်တွေကို ပြီးပြည့်စုံအောင် ဖန်းတီးပေးထားပါတယ်လို့ဆိုပါတယ်။ CARBON ROM သည် အကောင်းဆုံး features တွေမြောက်များစွာ ပါဝင်ပြီး Features တွေတိုင်းကို Stable ဖြစ်အောင် ပြုလုပ်ပေးထားကြောင်းကိုလဲ ပြသခဲ့ပါတယ်။ ဟုတ်ပါတယ် … Post ရေးသူကိုတိုင် GT – I9300 ကိုတင်သုံးကြည့်တော့ တော်တော်လေးကိုအဆင်ပြေပါတယ်။ တကယ့် USA Brand တစ်ခုကိုသုံးနေရသလိုကို ကောင်းမွန်ပါတယ်။ မိမိစိက်ကြိုက် အားလုံးကို ပြောင်းလဲပလိုက်လို့ရတဲ့အထိ Performance တွေအပြည့်စုံ ပေးထားပါတယ်။ CARBON ROM ကို Firmware version 4.0 အထက်ရှိ S2, S3, S4, Note, Note2 တို့အပြင် အခြား Brand များစွားလဲအသုံးပြုနိုင်ပါတယ်။ ဘယ် Brand တွေ အသုံးပြုလို့ရလဲဆိုတာကို https://carbon-rom.com/ မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလဲ ရှိနေတာကိုမြင်တွေ့ရပါတယ်။ ကျနော့်အနေနဲ့ S3 ပဲစမ်းထားတာမို့ S3 အနေနဲ့ပဲပြောသွားပါ့မယ်။ ဒီ Post ကို ဖတ်ပြီး ဗဟုသုတ ရစေချင်တဲ့ ဆန္ဒနဲ့ မျှဝေပေးလိုက်ပါတယ်။
 003
Android 4.3 Jelly Bean နှင့် CARBON ROM ကွာခြားချက်
၁။ S3 Android Jelly Bean မှာ file တွေကိုရှာချင်ရင် My Files ထဲဝင်ရင် Device store နဲ့ SD memory card ဆိုပြီးပြသပေးပါတယ်။ CARBON ROM မှာကြာတော့ File Manager တော့ရှိပါရဲ့ file manager ထဲ ဝင်လိုက်ရင် Device store ဆိုတာကိုပဲတွေ့ရမှာဖြစ်ပြီး SD Memory card ကိုတွေ့ချင်ရင်တော့ File Brower တစ်ခုခုကို install လုပ်ပြီးသုံးမှ မြင်တွေ့ရမှာဖြစ်ပါတယ်။
၂။ Ringtones ပြောင်းရာတွင် Orginal ringtones 25 ခုအပြင် ထပ်မံပြောင်းလဲချင်ပါက Music player မှတဆင့်ပြောင်းလဲ နိုင်ပြီး PC ကနေဆိုရင်တော့ Worndershare MobileGo မှပြောင်းလဲနိုင်ပါသည်။ Internet Connection ရှိရင် Online မှတိုက်ရိုက်ပြောင်းလဲ နိုင်မည်။
၃။ မြန်မာ Font ကိုကောင်းစွာဖော်ပြပေးနိုင်သလို Keyboard လဲ ကောင်းစွာအသုံးပြုနိုင်ပါတယ်။ ifont နဲ့ တခြား အလှ Font တွေပြန်ပြောင်းတဲ့ အခါမှာတော့ မြန်မာစာတွေမမှန်တော့ပါဘူးခဗျာ။
၎။ Multi – window မပါရှိခြင်း။ Inside windows တွင် Folder ဆောက်လုပ်ခွင့်မပြုခြင်း အားနဲချက်များကို မြင်တွေ့ရပါတယ်။
၅။ Video Call မပါရှိခြင်း တို့ပဲဖြစ်ပါတယ်။ Video Call ကတော့ KitKat မှာလဲပါမှာမဟုတ်ပါဘူး။
ကျန်တဲ့အစိတ်အပိုင်းအားလုံးကတော့ Jell Bean/ KitKat ROM များထက် များစွာ များစွာ ကွာဟ ကောင်းမွန်ပါတယ်။ ဘယ်လိုကွာဟမှုမျိုးတွေရှိလဲဆိုတာတော့ သုံးကြည့်မှသိပါလိမ့်မယ်။ ပြောရင်ကုန်မှမဟုတ်တော့လို့ပါ :P ကဲဗျာ အပေါ်က ဖော်ပြတဲ့ ကွာခြားချက်တွေကို ကျနော့်လို ဂရုမစိုက်ဘဲ သုံးချင်တဲ့သူတွေအတွက် tutorial လေးစရအောင်ဗျာ …
 001
CARBON ROM Requirement
၁။ CARBON ROM အသုံးပြုမိဖုန်းတွင် Android Jelly Bean 4.3 ရှိနေရပါမည်။ Menu > Setting > More > About device > Android version တွင်စစ်ဆေးနိုင်ပါသည်။
၂။ CARBON ROM အသုံးပြုမည့် မိမိရဲ့ဖုန်းမှာ Memory Card 4GB အနဲဆုံးရှိနေရပါမည်။
၃။ မိမိဖုန်းမှ Setting > More > Developer options ကိုသွားပြီး USB debugging ကို On ပေးပါ။
၎။ မိမိဖုန်းမှာ Battery 60% အနည်းဆုံးရှိပြီး Root လုပ်ပြီးသားဖုန်း ဖြစ်နေရပါမယ်။
၅။ မိမိဖုန်းကို Personal Data Backup ပြုလုပ်ပါ။ PC နဲ့ဖြစ်ဖြစ် Android မှာ မိမိကြိုက်နှစ်သက်ရာ APK နှင့် Backup ပြုလုပ်နိုင်ပါတယ်။ ကျနော်ကတော့ ကျနော့်ဖုန်းမှာ Titanium Backup Pro v6.1.5 နဲ့ Viber, Tango, Uptalk, Whatsapp အစရှိသဖြင့်ပေါ့ဗျာ မိမိအသုံးပြုတဲ့ APK တွေကို Backup ပြုလုပ်ထားလိုက်ပါတယ်။ PC ကနေ Contant, sms, Video, Song, တို့ကို MobileGo ဖြင့် ထပ်မံ Backup ပြုလုပ်ပါတယ်။  အောက်က Link မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Backup ပြုလုပ်ရခြင်းမှာ မိမိဖုန်းတွင် CARBON ROM သွင်းသောအခါ အဆင်မပြေမှုမျိုးကြုံလာခဲ့ရင် CARBON ROM မတင်ခ ဖုန်းအနေအထား အခြေအနေအတိုင်း အလွယ်တကူ ပြန်လည်ရယူနိုင်ရန်အတွက်ဖြစ်ပါသည်။
၆။ CWM recovery ပြုလုပ်ထားပြီးသားဖြစ်ရပါမယ်။ တစ်ကယ်လို့ မပြုလုပ်ထားရသေးဘူးဆိုရင် http://www.w0lfdroid.com/2013/12/How-to-Install-CWM-Recovery-and-Root-Samsung-Galaxy-S3-S4-Note2.html အဲ့မှာသွားကြည့်ပါ။ မည်သို့ပြုလုပ်သည်ကို …
၇ ။ https://carbon-rom.com/downloads/ အဲ့ကိုသွားပြီး မိမိဖုန်းနဲ့ သတ်ဆိုင်တဲ့ CARBON ROM နဲ့ GAPPS Zip files ၂ ခုကို Download ဆွဲပါ။ Download ဆွဲနည်းလွယ်ကူသည့်အတွက် ထည့်မရေးတော့ပါ။ S3 GT – I9300 အတွက်ကတော့အဆင်သင့် ရှိပြီးသားမို့ အောက်ကလင့်မှာ Down နိုင်ပါတယ်ခဗျာ …
 002
Install CARBON ROM
၁။ မိမိဖုန်းကို USB Cable ဖြင့် PC နဲ့ချိတ်ပါ။ ပြီးရင် CARBON ROM zip ရယ် GAPPS zip ရယ်ကို Extract မပြုလုပ်ပဲ ဖုန်းရဲ့ SD memory card ထဲကို Folder အသစ်တစ်ခုဆောက်ပြီးထည့်ပါ။ ပြီးရင် ဖုန်းနဲ့ PC ချိတ်ထားတဲ့ USB Cable ကိုဖြုတ်လို့ရပါပြီ။
၂။ ဖုန်းရဲ့ Recovery Mode ကိုသွားပါ။ Recovery Mode ကိုသွားရန် ဖုန်းကို Power ပိတ်လိုက်ပါ။ ဖုန်းပိတ်ပြီး ၁ မိနစ်လောက် စောင့်ပါ။ ပြီးရင် Volume up+ Home + Power ရယ်ကိုတပြိုင်နက်နှိပ်ပါ။ နှပ်ပြီးတာနဲ့တပြိုင်နက် Samsaung Logo တင်လာလျှင် Volume up+ Home + Power ၃ ခုလုံးကိုလွှတ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ Recovery Mode ကို ရှောက်ရှိသွားပါပြီ။
၃။ Recovery Mode ကိုရောက်ရှိသွားပါက backup and restore သို့ Volume Down key နဲ့သွားပြီး Power bottom ကိုတစ်ချက်နှိပ်ပါ။ ထို့နောက် backup to/ storage/ sdcard1 သို့သွားပြီး Power buttom နှိပ်ခြင်းအားဖြင့် Backup နောက်တစ်ခါပြုလုပ်ပေးပါ။ ယခုတစ်ခါ Backup သည် System တစ်ခုလုံးကို Backup ပြုလုပ်ခြင်းဖြစ်ပါတယ်။
၎။ Backup ပြုလုပ်ခြင်းပြီးပါက +++++ Go Back +++++ သို့ Volume down key ဖြင့်သွား၍ Main menu ကိုပြန်သွားပေးပါ။
၅။ Main menu သို့ရောက်ပါက Wipe data/ factory reset သို့သွားပြီး Power button နှိပ်ခြင်းဖြင့် Data များကိုရှင်းလင်းပေးပါ။
၆။ Wipe data/ factory reset လုပ်ငန်းစဉ်ပြီးဆုံးပါက Wipe cache partition သို့သွားပြီး Cache များကို ထပ်မံရှင်းလင်းပါ။
၇။ Wipe data/ factory reset လုပ်ငန်းစဉ်ပြီးပါက Main Menu မှ install Zip သို့သွားပြီး Power button တစ်ချက်နှိပ်ပြီး Choose zip from/ storage/ sdcard1 ထဲသို့ဆက်သွားပါ။ SD Card ထဲတွင် မိမိတည်ဆောက်ခဲ့သော Folder ထဲမှ CARBON – KK – NIGHTLY ကို ရွေးပြီး Power button တစ်ချက်နှိပ်ခြင်းဖြင့် CARBON ROM ကို install ပြုလုပ်ပါ။
၈။ CARBON ROM ကို install ပြုလုပ်သည့်လုပ်ငန်းစဉ်ပြီးပါက  မိမိတည်ဆောက်ခဲ့သည့် Folder ထဲမှာ ကျန်ရှိနေသေးသော  gapps – kk ကိုရွေးချယ်ပြီး Power bottom တစ်ချက်နှိပ်ခြင်းဖြင့် install ထပ်မံပြုလုပ်ပါ။
၉။ gapps – kk install လုပ်ငန်းစဉ်ပြီးဆုံးပါက Recovery Mode ရဲ့ Main Menu ကိုသွားပြီး Reboot system now ကိုရွေးချယ်ပေးလိုက်ပါ။ Reboot ကြသွားပါလိမ့်မည်။ ပြန်တက်လာလျှင်တော့ CARBON ROM စတင် ဖလန်းဖလန်းထနေသည်ကို မြင်တွေ့ရမည်မှာ သင့်ရဲ့ အမြင်အာရုံကြောင့်သာဖြစ်ပေတော့သည် ….
MPT Internet Setting လေးကိုပါဖော်ပြလိုက်ပါတယ်…. ညီအကိုမောင်နှမတွေအတွက် အသုံးဝင်လာပါလိမ့်မယ် … :P
- Press Main
- Select Settings
- Select Wireless and Networks
- Select Mobile Networks
- Select Access point Names
- Delete all APN’s in this section.
- Press Menu
- Press New APN
- Enter the follow settings one for General Data . The other for MMS
Name: MM – MPT Web
APN: mptnet
Proxy:
Port:
Username: mptnet
Password: mptnet
Server:
MMSC:
MMS Proxy:
MMS Port:
MMS Protocol: WAP 2.0
MCC: 414
MNC: 01
Authentication Type: PAP
APN Type: default, supl
ဆက်လျက်ကြိုးစားပါဦးမည်။
 999

Wednesday, February 12, 2014

V Day အတွက် အမှတ်တရ Love ကီးဘုတ်


V . Day အမှတ်တရ LOVE ကီးဘုတ်ဆိုတဲ့ အသဲဒီဇိုင်းလေးပါ ။
ကီးဘုတ်ဒီဇိုင်းကို Android အတွက် လူပြိုကြီး Han Zaw Oo မှ လုပ်ပေးလိုက်တာ ဖြစ်ပါတယ် :D
ဒီကီးဘုတ်လေး ချစ်သူကိုပေးပြီး မျက်နှာမလုပ်ရဘူးနော်…… ငရဲကြီးမှာဆိုးလို့ :P
LOVE ကီးဘုတ်လေးကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့ တင်ပေးထားပါတယ် ။
LOVE Keyboard V1.1.3 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။
LOVE Keyboard V1.1.3 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။
LOVE Keyboard V1.1.3 ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။
LOVE Keyboard V1.1.3 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။
LOVE Keyboard V1.1.3 ကို Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။
မှတ်ချက် ။  ။ Frozen keyboard အဟောင်းကို ဖြုတ်ထားပြီးမှ ဒါထည့်လို့ရပါမယ် :)

Tuesday, February 4, 2014

Computer မပါပဲ ဖုန်းဖြင့် Root လုပ်နည်း

ဗားရှင်း 4.0.4 နှင့် အထက် ဖုန်းများ(မည်သည့်ဖုန်းမဆို) ကို မိမိ ဖုန်းဖြင့်လွယ်ကူစွာRoot ပြုလုပ်နိုင်ရန်
https://waimin.googlecode.com/files/Pro%20myanmar%20root.apk
ကိုဒေါင်းပါ
အင်စတော လုပ်ပြီးပါက
၁ -  Start Root ကိုနှိပ်ပါ
၂ - Root  ကိုဆက်နှိပ်ပါ
၃ - တရုတ်စာ ကိုနှိပ်ပါ
The network links ဆိုတဲ့ စာသားလေးပေါ်လာရင်  root အောင်မြင်သွားပါပြီ Superuser ကိုတွေ့ ရမှာပါ
မြန်မာစာထည့် ရန်
----------------
https://waimin.googlecode.com/files/FontChanger.apk
ကိုဒေါင်းပါ
sony phone ဆိုပါက  ဆိုနီကိုရွေးချယ်ပါ
ဖုန်း ပါဝါ ကျသွားပါလိမ့်မယ်
ခဏစောင့်ပါ ပြန်တက်လာပီး ပါဝါပြန်ပွင့်လာရင် မည်သည့် Browser
တွင်မဆို မြန်မာလို မြင်နိုင်ဖတ်နိုင်ပါပြီ
Keyboard အတွက်
Frozen Keyboard
-----------------
https://waimin.googlecode.com/files/frozen%20keyboard.apk
Bagan Keyboard
-----------------
https://waimin.googlecode.com/files/Bagan%20keyboard%20Pro211-crack.apk
(crack ပြုလုပ်ပြီး အင်္ဂလိပ်လို ဂဏာန်း  7 လုံး ကြိုက်ရာကိုထည့် )
Myankeyboard
---------------
https://waimin.googlecode.com/files/com.thuria.myankeypro.apk
ကြိုက်ရာကို အသုံးပြုနိုင်ပါတယ်
sony phone များအတွက် Frozen နှင့် Bagan ကို ရွေးစေချင်
kokyawkoko အားကျေးဇူး တင်ရှိပါသည် ။

Saturday, February 1, 2014

gtalk နဲ့ facebook chat တွေကို Android ဖုန်းပေါ်မှာသုံးချင်သူတွေအတွက် Meebo IM v2.2

သိပြီးသားသူတွေအတွက်တော့မလို
တော့ဘူးပေါ့ဗျာ။ မသိသေးတဲ့သူတွေအတွက်
တင်ပေးလိုက်တာပါ။ gtalk နဲ့ facebook chat
တွေကို Android ဖုန်းပေါ်မှာသုံးချင်သူ



တွေအတွက် အဆင်ပြေဆုံးဖြစ်မှာပါ။ gtalk ကို sigin၀င်ရောက်တာအမြန်ဆုံးလို့ ပြောလို့ရတဲ့ application တစ်ခုလည်းဖြစ်ပါတယ်။

gtalk အပြင် facebook chat, yahoo chat ,msn chat, AIM chat
,ICQ chat, Jabber chat, နဲ့ Myspace chat တို့ကိုပါ ဒီ application တစ်ခုတည်းနဲ့သုံးနိုင်ပါတယ်။ တော်တော်ကောင်းပါတယ်။အောက်မှာရယူနိုင်ပါတယ်။

Saturday, January 25, 2014

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ဆုံး root လုပ်နည်းနှင့် မြန်မာစာ font ထည့်သွင်းနည်း



 Koko Lwin တောင်းဆိုတာနဲ့ လိုက်ရှာရင်း တွေ့လာလို့ ပြန်ရှယ်ပေးလိုက်ပါတယ် ။ ကျနော့မှာတော့ Android ဖုံးမရှိလို့ စမ်းမကြည့်ရသေးပါဘူး...။
(ကျွန်တော် phone က Sony Ericsson - XPERIA -Model- ST18i ပါ ။ root လုပ်တာနဲ့ font ထဲ့တာ တင်ပေးပါခင်ဗျာ။. )
ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။ 

အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
  Android ဖုန်းနဲ့Tablet တွေအတွက် မြန်မာစာရိုက်ဖို့ “မြန်မာကီးဘုတ်” လေးပါ။ ဒီကီးဘုတ်လေးက ဇော်ဂျီဖောင့်အသုံးပြုထားတဲ့ကီးဘုတ်လေးတစ်ခုပါ။
အသုံးပြုပုံပြုနည်း နဲ့ ထူးခြားချက်များကိုအောက်မှာဆက်လက်ရှင်းပြသွားပါမယ်။
အရင်ဆုံး “မြန်မာကီးဘုတ်” ကိုအရင် download ရယူလိုက်ပါ။

မြန်မာကီးဘုတ်အားရယူရန်

ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့ မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။ အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါလိမ့်မယ်။
“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။ 
ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။ 
“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။ 
မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကိုဝင်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။ 
ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက် Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။
အောက်ပါပုံအတိုင်းပါ။ 
အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ
အင်္ဂလိပ် keyboard ကို ပြန်ပြန်ခေါ်ရပါတယ်။ အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။ 
ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်းလင်းပါမယ်။ “မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာ
ကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်နဲ့အတူတူပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။ တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့ z ( တစ်နည်းအားဖြင့် shift + ဖ ) ကိုနှိပ်ရပါတယ်။
အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။ ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပါ။ 
အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။ ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။
ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။ 
ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကားစုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။ Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။ အောက်ပါပုံအတိုင်းပါ။ 
Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။
အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

MMSD Smart Zawgyi v1.5 (Android version 1.6 မှ 4.2.2 အထိ မြန်မာစာမှန်တဲ့ ZawGyi Font Changer ဆော့ဝဲလ်လေး ဖြစ်ပါတယ်)



ဒီနေ့တင်ပေးလိုက်တဲ့ MMSD Smart Zawgyi လေးကတော့ Android ဖုန်းတွေ မြန်မာဖောင့် သွင်းလို့ ရတဲ့ Font Changer လေးဖြစ်ပါတယ်။ ကိုယ် မြန်မာဖောင့် ထည့်ချင်တဲ့ ဖုန်းက Root Acees! ဖြစ် ဖို့လိုအပ် ပါတယ်။ MMSD Smart Zawgyi ကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးစားတွေကတော့ Root Access ဖြစ်ပြီးသား Huawei, HTC, Sony, Samsung အစရှိတဲ့ ဖုန်းတွေမှာ သုံးလို့ရပါတယ်။
Andriod Version 1.6 အထက် မှ 4.2.2 အထိ အသုံးပြုနိုင်မှာပါ။ Android Version 4.2.2 တွေမှာ မြန်မာ စာ မမှန်တဲ့ သူငယ်ချင်းတွေ MMSD Smart Zawgyi Font Changer လေး စမ်းသုံးကြည့်ပါ။ ဒီဆော့ဝဲလ် လေးမှ မြန်မာစာမမှန်ရင် တခြား Font Changer တွေလည်း မြန်မာစာ မမှန်နိုင်တော့ပါဘူး။ သူငယ်ချင်းတချို့ က မြန်မာစာမမှန်လို့ တောင်းထားတာနဲ့ ဒီကောင်လေး တင်ပေးလိုက်တာပါ။
စိတ်စင်စားရင် အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။
MMSD Smart Zawgyi v1.5's Base Smart Zawgyi Pro
It Support Fixing G610S,Y320C & Y511 & G730
Need Root Acees!.
Support Devices - Huawei,HTC,Sony,Samsung
Support Version - Android version 1.6 To 4.2.2

Download MMSD Smart Zawgyi

App Screenshots
MMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnail