Sunday, March 24, 2013

Gmail တွင် Filter ပြုလုပ်နည်း (အသေးစိတ်)

gmail-filterGmail ဆိုတာ Google ရဲ့ ဝန်ဆောင်မှုများထဲမှ Email ဝန်ဆောင်မှုဆိုတာ လူတိုင်း သိပြီးဖြစ်မှာပါ။ အခုတစ်ခါတော့ ကျွန်တော် Gmail မှာပါတဲ့ Filter ပြုလုပ်နည်းကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Filter ဆိုတာကတော့ အဘိဓါန်မှာ အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
English : filter
Type : n
Myanmar : (ရေစစ်၊ ဆီစစ်၊ အစီခံကဲ့သို့သော) အရည်၊ မီးခိုး စသည်ကိုစစ်ရန် ကိရိယာ။ စစ်ထုတ် ကိရိယာ။ အရောင်စစ် မှန်ပြား (သို့) ကော်ပြား။ (Brit) အမြဲတမ်းသွားခွင့်ရှိသော ယာဉ်ကြောအချက်ပြ။ မြားစိမ်း အချက်ပြ။
Type : v
Myanmar : စင်အောင်စစ်သည်။ (က) တစိမ့်စိမ့် ထွက်လာသည်။ ပြူထွက်လာသည်။
Gmail မှာတော့ စစ်ထုတ်တယ်၊ လွှဲပြောင်းပေးတယ်လို့ အဓိပ္ပါယ်ကောက်ရမှာ ဖြစ်ပါတယ်။ Filter လုပ်ခြင်းကြောင့် ဝင်လာမယ့် Email တွေကို သူ့နေရာနဲ့ ရှိစေသလို၊ အချို့ Email များကိုလည်း နောက်ထပ် Email တစ်ခုဆီသို့ ထပ်ဆင့် ပို့ပေးမှာ ဖြစ်ပါတယ်။ အသုံးချမှုကတော့ လိုအပ်သလို အသုံးချနိုင်ပါတယ်။ Filter ပြုလုပ်သူအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။  ဆက်ကြရအောင်ဗျာ။
ပထမဆုံး မိမိ Filter လုပ်မယ့် Gmail ကို Sign-in ဝင်ပါ။ ပြီးရင်တော့ Email settings ကို ဝင်ပါ။
mail-settings
ဒီမှာ တစ်ခု သတိထားရမှာက ကျွန်တော်တို့ ဘယ်လို Filter လုပ်မလဲဆိုတာပါပဲ။ အခြား Email တစ်ခုကို Filter လုပ်ပေးမှာလား။ ဒါမှမဟုတ် Label တစ်ခုကို Filter လုပ်ပေးမှာလားဆိုတာ Filter စလုပ်မယ်ဆိုကတည်းက ဆုံးဖြတ်ရမှာပါ။ အခုတော့ နှစ်မျိုးလုံးဖြစ်တဲ့ Label ကို Filter လုပ်နည်းကော၊ Email ဆီကို Filter လုပ်နည်းပါ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
Gmail settings ထဲကိုရောက်ပြီးဆိုရင် Label ထဲကို ဝင်လိုက်ပါ။ ပုံမှာ ပြထားတဲ့အတိုင်း Create New Label ကို နှိပ်လိုက်ပါ။
create-new-labelပုံမှာ ပြထားတဲ့အတိုင်း Lightbox နဲ့ New Label Tab အသစ်ထွက်လာမှာဖြစ်ပါတယ်။ give-a-name
အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ သင့်စိတ်ကြိုက် Label နာမည်တစ်ခုကို ထည့်ပေးလိုက်ပါ။ အဲဒီအောက်မှာ Nest label under: ဆိုတာကို မြင်တွေ့မယ် ထင်ပါတယ်။ အဲဒါက သင် အခု အသစ်လုပ်လိုက်တဲ့ label ကို အရင်ရှိပြီးသား Label တစ်ခုခုအောက်မှာ ထားမလားဆိုတာကို မေးတာပါ။ ထားမယ်ဆိုရင် Nest label under: မှာ Check ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အောက်က Box မှာ မှာ သင်ထားချင်တဲ့ Label နာမည်ကို ရွေးပေးရမှာပါ။ အားလုံးပြီးပြီဆိုရင်တော့ Create ကို နှိပ်ပြီး Label အသစ်လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Label အသစ်လုပ်တာ ပြီးမြောက်သွားပါပြီ။ ကျွန်တော်က အောက်ပါပုံအတိုင်း ထားပြီးတော့ Create လုပ်လိုက်ပါတယ်။
my-label

အောက်မှာပြထားတဲ့ ပုံကတော့ Create လုပ်ပြီး မြင်ရတဲ့ပုံဖြစ်ပါတယ်။
created
အောက်မှာမြင်ရတဲ့ ပုံကတော့ Sidebar မှာ မြင်ရတဲ့ပုံဖြစ်ပါတယ်။label-in-msg

ပြီးရင်တော့ ကျွန်တော်တို့ Filter လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် Settings ထဲက Filter ကို နှိပ်လိုက်ပါ။ Filter မှာ ပုံမှာ မြင်ရတဲ့အတိုင်း Gmail က လုပ်ပေးပြီးသား Filter တွေရှိပါတယ်။ အဲဒါတွေရဲ့ အောက်ဆုံးမှာ Create a new filter ဆိုတာ ရှိပါတယ်။ Create a new filter ကို နှိပ်လိုက်ပါ။
filter-settings
ဒီနေရာမှာ သိထားရမယ့် အကြောင်းအရာ တစ်ခုကို ဖေါ်ပြချင်ပါသေးတယ်။ အဲဒါကတော့ Email အကြောင်းပါ။ အသေးစိတ်တော့ မပြောတော့ပါဘူး။ Email ဆိုတာ username@domain.com ဆိုပြီး username ရယ်၊ @ ဆိုတာက Email ရဲ့ သင်္ကေတ “At” ဆိုတဲ့
English : at
Type : prep
Myanmar : (နေရာပြပုဒ်)။ ၌။ မှာ။ တွင်။ ဝယ်။
ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ Domain.com ကတော့ Email ဝန်ဆောင်မှုပေးတဲ့ ကုပ္မဏီ၊ အဖွဲ့အစည်း ရဲ့ Web လိပ်စာပဲ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ Filter လုပ်တဲ့အခါ သိထားရမှာက
From: နေရာတွင် username@domain.com အပြည့်ထည့်ပြီး Filter လုပ်မယ်ဆိုရင် အဲဒီ Username တစ်ခုတည်းနဲ့သာ  သက်ဆိုင်ပြီး @domain.com ဆိုပြီး Filter လုပ်လိုက်မယ်ဆိုရင်တော့ အဲဒီ Domain တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ Email တွေ အကုန်လုံး Filter ပေးလိုက်တဲ့ Label သို့မဟုတ် Email ဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။ (ဥပမာအားဖြင့် ကျွန်တော့် Email ဖြစ်တဲ့ homelessking@gmail.com ကို Filter လုပ်မယ်ဆိုပါတော့ ဒီလိုဆိုရင် From: နေရာမှာ homelessking@gmail.com လို့ ထည့်ပေးရမှာ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ပဲ Facebook က ဝင်လာသမျှ Email တွေကို Filter လုပ်မယ်ဆိုပါတော့ ဒါဆိုရင် From: နေရာမှာ @facebook.com လို့ ထည့်ပေးရမှာ ဖြစ်ပါတယ်။)
To: နေရာမှာတော့ သင် ပို့ထားတဲ့ Email တွေကို Filter လုပ်ဖို့အတွက်ပါ။ (ဥပမာအားဖြင့် သင်က သင့်ချစ်သူဆီ ပို့ထားသမျှ Email တွေကိုပဲ သီးသန့် Label တစ်ခုနှင့် ခွဲထားချင်တယ်ဆိုရင် သို့မဟုတ် အရေးကြီး လုပ်ငန်းသုံး Email တစ်ခုကို ပို့ထားသမျှ Email တွေကိုပဲ သီးသန့် Label တစ်ခုနှင့် ခွဲထားချင်တယ်ဆိုရင် To: နေရာမှာ သင့် ချစ်သူ Email (သို့မဟုတ်) အရေးကြီး Email ကို ထည့်ပေးလိုက်ခြင်းဖြင့် အဲဒီ Email ကို ပို့သမျှ Mail တွေကို သင် ပေးထားတဲ့ Label ကို Filter လုပ်ပေးမှာ ဖြစ်ပါတယ်။) ကျန်တာတော့ အပေါ်က From: လိုပါပဲ။
Subject: ဆိုတာကတော့ ဝင်လာသမျှ Email များထဲမှ မိမိပေးထားတဲ့ အကြောင်းအရာ (Subject) ကိုပဲ Filter လုပ်မှာ ဖြစ်ပါတယ်။ (ဥပမာအားဖြင့် ကျွန်တော်တို့ Email ပို့တဲ့အခါမှာ အကြောင်းအရာ (Subject) ကို ထည့်ပေးရပါတယ်။ အဲဒီ အကြောင်းအရာကို (Subject) ကို ဆိုလိုတာပါ။)
Has the word: ဆိုတာကတော့ Message မှာ သင် ပေးထားတဲ့ Filter စကားလုံး/စု (keyword) တွေ ပါလာခဲ့ရင် Filter လုပ်ပါလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒါနဲ့ Filter လုပ်မယ်ဆိုရင်တော့ သင် ပေးထားတဲ့ Filter စကားလုံး/စု (keyword) တွေပါတဲ့ Message များကိုသာ Label သို့မဟုတ် Forwarding email ဆီကို Filter လုပ်မှာ ဖြစ်ပါတယ်။
Doesn’t have: ဆိုတာကတော့ Has the word နဲ့ ပြောင်းပြန်ပါ။ Doesn’t have မှာ သင် ပေးထားတဲ့ Filter စကားလုံး/စု (keyword) ပါလာခဲ့ရင် Filter မလုပ်နဲ့လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Has attachment: ကတော့ သူ့ကို Check ပေးလိုက်ရင် Attachment ပါလာရင် Filter လုပ်ပါလို့ ဆိုလိုတာ ဖြစ်ပြီး။ အဲဒါကို Uncheck ပေးထားမယ်ဆိုရင်တော့ Attachment ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အပေါ်က အကြောင်းအရာတစ်ခုခုကိုသာလျှင် Filter လုပ်သွားမှာ ဖြစ်ပါတယ်။filtering
ဒီလောက်ဆိုရင် တော်တော် သဘောပေါက်သွားပြီလို့ ထင်ပါတယ်။ အောက်မှာ ဆက်လုပ်ကြည့်ရအောင်ဗျာ။
Create a new filter ကို နှိပ်လိုက်တဲ့ အခါမှာ ပုံမှာ ပြထားတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။ကျွန်တော်က @wordpress.com တစ်ခုကိုပဲ ထည့်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ WordPress.com က လာသမျှ Email တွေကို Myanmar End User ထဲကို Filter လုပ်ချင်လို့ပါ။create-filter ဆက်ကြည့်လိုက်ပါဦး။
ပြီးရင်တော့ Create filter with this search ကို နှိပ်လိုက်ပါ။
create-filter-2
ပုံမှာ ပြထားတဲ့အတိုင်း Skip the inbox ကို Check ပေးထားမယ်ဆိုရင်တော့ Inbox မှာ မြင်ရတော့မှာ မဟုတ်ပါဘူး။ Myanmar End User ဆိုတဲ့ Label ထဲမှာ သွားကြည့်မှ ရပါတော့မယ်။ Uncheck ပေးထားရင်တော့ Inbox မှာကော Myanmar End User label ထဲမှာပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Apply this label မှာ သင် filter လုပ်ချင်တဲ့ Label ကို Dropdown နဲ့ ရွေးပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်က Myanmar End User ကို ရွေးပေးထားပါတယ်။ ကျန်တာတွေကတော့ အရေးမကြီးတော့ပါဘူး။ သင် အသုံးချတတ်သလို အသုံးချနိုင်ပါတယ်။ ပြီးရင်တော့ Create ကို နှိပ်လိုက်ရင် Label ကို Filter ပြုလုပ်ခြင်း ပြီးမြောက် အောင်မြင်သွားပါပြီ။
Apply this label အောက်မှာ Forward it ဆိုတာ တွေ့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ နောက် Email တစ်ခုဆီကို Filter လုပ်တာပဲ ဖြစ်ပါတယ်။ Email ကို Filter လုပ်ဖို့အတွက် Forwarding မှာ Filter လုပ်မယ့် Email ကို အရင်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကိုတော့ Gmail Settings က Forwarding and POP/IMAP ကို နှိပ်ဖွင့်ပါ။
forwarding-email

ပုံမှာ ပြထားတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။ Add a forwarding address ကို နှိပ်ဖွင့်ပါ။
adding-email

ပုံမှာ ပြထားတဲ့အတိုင်း Forwarding လုပ်မယ့် Email ကို ထည့်ပြီးတော့ Next ကို နှိပ်လိုက်ပါ။ အောက်ပါ ပုံအတိုင်း Confirm လုပ်ခိုင်းမှာ ဖြစ်ပါတယ် Process ကို နှိပ်လိုက်ပါ။
confirm-forwarding
ပြီးရင်တော သင့်အနေနဲ့ Forwarding လုပ်မယ့် Email ကို ပုံမှာ ပြထားတဲ့အတိုင်း Google team က ပို့တဲ့ Email တစ်စောင် ရောက်လာမှာ ဖြစ်ပါတယ်။
confirm-email
အဲဒီ Email ကိုဖွင့်လိုက်ရင်တော့ အောက်မှာ ပြထားတဲ့အတိုင်း Confirm လုပ်မယ့် Link နဲ့ Code ပါလာမှာ ဖြစ်ပါတယ်။
confirm-link
please click the link below to confirm the request: အောက်က Link ကို နှိပ်ပေးရမှာ ဖြစ်ပြီး
Confirmation code: 67897856
67897856 ဆိုတဲ့ ကုဒ်ကိုတော့ သင့် Email Settings ထဲက Forwarding:
confirmation code ဆိုတဲ့နေရာမှာ ထည့်ပေးရမှာ ထည့်ပြီး Verify ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။
code adding
အောက်ပါပုံမှာ ပြထားတဲ့အတိုင်း Creating a filter ကို မနှိပ်ခင် Forwarding settings ရဲ့ အောက်ဆုံးမှာ Save Changes ကို အရင်နှိပ်ပြီး Save လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Creating a filter ကို ရဲရဲ နှိပ်နိုင်ပါပြီ။
verified-forwarding
ဒီအဆင့်ပြီးရင်တော့ ကျန်တာ အပေါ်မှာ Label ကို Filter လုပ်သလိုပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်မှာ ဆက်ကြည့်လိုက်ပါ။
create-filter
ဒီပုံကတော့ Label ကို Filter လုပ်တုန်းက မြင်တွေ့ပြီး ဖြစ်မှာပါ။ အောက်ပါ ပုံကတော့ အနည်းငယ်လွဲသွားမှာ ဖြစ်ပါတယ်။
creating filter
ဒီပုံမှာတော့ Apply the label ကို Check ပေးပြီးတော့ ခုလုံးကို Filter လုပ်နိုင်ပါတယ်။ Forward it to: နေရာမှာတော့ Forwarding email အများအပြားထည့်ထားရင် တစ်ခုခုကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Create filter ကို နှိပ်နိုင်ပါပြီ။
အားလုံး အောင်မြင်စွာပြီးဆုံးသွားပါပြီ။ ဒီနေ့ အားလပ်ရက် တစ်ရက်လုံးလုံး ဒီ Tutorial နဲ့ အချိန်ကုန်သွားပါတယ် ခင်ဗျာ။ ဒီအတွက် ဘာအကျိုးအမြတ်ရမလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် မသိသေးသူ အားလုံးအတွက် အသုံးဝင်တယ်ဆိုရင် ကျွန်တော် ဒီ Tutorial ကို လုပ်ပေးရတာ ထိုက်တန်ပါတယ်။ ဝေဖန်ချက်လေးတွေနဲ့ အားပေးစကားလေးတွေတော့ ပြောသွားဖို့ မမေ့ကြပါနဲ့ဗျာ။
************************<<<<<>>>>>************************
Myanmar End User (MEU) မှ ဆောင်းပါးများကို မျှဝေချင်ပါက Credit ပေး၍ မျှဝေနိုင်ပါတယ်။ စီးပွားဖြစ်မျှဝေမယ်ဆိုရင်တော့ ခွင့်ပြုချက်တောင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင်တော့ အောက်ပါ လိုင်စင်အတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။
Creative Commons License
Myanmar End User by Dr.Seathpwor is licensed under a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License.
Based on a work at http://www.myanmarenduser.net.
Permissions beyond the scope of this license may be available at http://www.myanmarenduser.net.
************************<<<<<>>>>>************************
http://www.myanmarenduser.net/258/gmail-%E1%80%90%E1%80%BC%E1%80%84%E1%80%B9-filter-%E1%80%BB%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8-%E1%80%A1%E1%80%B1%E1%80%9E%E1%80%B8%E1%80%85/

0 comments:

Post a Comment