ကိုယ်ချင်းစာ တတ်ပါစေ(ဆောင်းပါး)
ရှေးအတိတ်သမိုင်းက ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့နားလည်မှုယုံကြည်မှုတွေဆောက်တည်ပြီး အတိတ်အာဃာတတွေကို ဘေးချိတ်ပြီးတော့လွှတ်လပ်ရေးဆိုတာကြီးကို အရယူခဲ့ကြတယ်။အင်း..အဲဒီလွှတ်လပ်ရေးဆိုတဲ့ရလာကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြတာ အခုချိန်ထိ ဗမာလူမျိုးမှတစ်ပါး တစ်ခြားမရှိခဲ့ပါ။အဲလို အုပ်ချုပ်လာတဲ့တစ်လျှောက်မှာလည်းသူတို့နဲ့
အတူတကွ လက်တွဲပြီး နယ်ချဲ့တွေကို တော်လှန်မောင်းထုတ်ခဲ့တဲ့ဗမာမဟုတ်သော လူမျိုးတွေကို မတရားနှိပ်စက်၊တိုက်ခိုက်၊ရွာတွေကိုမီးရှို့ဖျက်စီး၊သမီးပျိုများသာမဟုတ် အိမ်ထောင်ရှိအမျိုးသမီးများပါမကျန် ခြေတော်တင် မုဒိန်းကျင့်၊Genocide (လူမျိုးပြုန်းသတ်ဖြတ်မှု)များပြုလုပ်၊မတရား အခွန်တွေကောက်၊၄င်းဒေသတွေမှ ထွက်တဲ့ သစ်သီးဝလံမှ အစသံယံဇာတ အဆုးံ မတရားသိမ်း အဲလိုမျိုးတွေ လုပ်လာခဲ့တာနှုစ်ပေါင်း ၆၉နှစ်ကျော် ကြာလှပြီပေါ့။
ဗမာမဟုတ်တဲ့ လူမျိုးတွေက ဗမာကိုခါးသီးမုန်းတီးစိတ်ဖြစ်ပေါ်နေတာဟာ ဗမာတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နဲ့ကတိမတည် သစ္စာဖောက်မှုတွေကြောင့်ပဲ ဆိုတာ အထင်အရှားပါ။ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးလို့ တီဗွီ သတင်းစာတွေမှာ
ဘယ်လောက်ပဲ ပြပြဗွီဒီယိုကားတွေ ဘယ်လောက်ပဲ ရိုက်ပြ ရိုက်ပြ ရာထူးရာခံ အဆင့်အတန်းတွေကိုကြည့်လိုက်တာနဲ့ သိသာလွန်းနေပါတယ်။ဌါနဆိုင်ရာတစ်ခု၏ အကြီးအကဲ တစ်ယောက်ကိုဗမာမဟုတ်သော လူမျိုး တိုင်းရင်းသား တစ်ယောက်ဖြစ်နေမလားဆိုပြီး လေ့လာကြည့်မိတဲ့အခါတိုင်း ရင်မောရပေါ့။
ဌါနတိုင်းလိုလို ဗမာတွေကပဲ နေရာယူအမိန့်ပေး စေခိုင်းနေတာတွေပဲတွေ့နေရတော့ ပြည်ထောင်စုဆိုတဲ့အာဘောင်ရင်းသန်သန် လူကြားကောင်းအောင် ပြောနေတာတွေဟာ အဖိနှိပ်ခံလူမျိုးတွေအဖို့ ပျက်လုးံတစ်ခုကို ကြားနေရသလိုပင်။အဆိုးဆုးံကကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် တောင်းဆိုနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကိုတောင် သူတို့အရိုးနဲ့သူတို့ကို ပြန်ထိုးခိုင်းပြီး နည်းအမျိုးမျိုးနဲ့ ချော့ခါတစ်လှည့်ခြောက်ခါတစ်လှည့် ချေမှုန်းနေခြင်းပင် ဖြစ်သည်။









Rangoon Time